
Stock Analysis
အမေရိကန်ရဲ့ inflation rate လျော့ကျလာတဲ့ အတွက် အတိုးနှုန်း ဆက်လက်တိုးဖို့ အလားအလာ နည်းသွားပြီလို့ တွက်ဆအပြီးမှာ အမေရိကန် ဒေါ်လာ အားပျော့လာမှုနဲ့အတူ Stock market အတက်ဖက်ရောက်လာတယ်လို့ အရင် post တွေမှာ တင်ပြခဲ့ပါတယ်။
Stock market တက်လာတဲ့အတွက် stock တွေမှာ ရင်းနှီးမြှပ်နှုံမှုလုပ်မယ်ဆိုရင် stock ပေါင်း ထောင်ချီရှိတဲ့အထဲက stock တခုချင်းစီကို အသေးစိတ် analysis လုပ်ဖို့မလွယ်ပါဘူး။
Stock တွေအများကြီး ရှိတဲ့အထဲက အလာအလားကောင်းတဲ့ Stock တွေကို ရွေးထုတ်နိုင်ဖို့ Relative Strength Method ကို သုံးကြပါတယ်။
ပြီးခဲ့တဲ့ post တွေမှာ relative strength တွက်နည်း (၃)ခုတင်ပြပြီး stock (50)လောက်ထဲက performance အကောင်းဆုံး stock (7) ခုစီကို တင်ပြခဲ့ပါတယ်။ အဲဒီ stock (7)ခုစီကို ပြန်စီစဉ်လိုက်တဲ့အခါမှာ စုစုပေါင်း stock (11)ခု ရပါတယ်။ ဒီ stock (11)ခုဟာ method လေး တခုသုံးပြီး ရွေးချယ်ထားတာဖြစ်ပြီး တခြား fundamental analysis, market indicators စတာတွေကို ထည့်သွင်းမစဉ်းစားထားသေးပါဘူး။
ကျွန်တော်တို့ တင်ပြခဲ့တဲ့ 18 Dec နေ့မှာ အဲဒီ Stock (11)ခုကို Portfolio အနေနဲ့ ရင်းနှီးမြှပ်နှံထားမယ်ဆိုပါတော့…
နှစ်ကုန်ပြီး ဈေးကွက်ပိတ်ရက် 29 Dec အပြီး (2) ပတ်အတွင်းမှာ ဘယ်လောက်မြတ်သလဲ တွက်ကြည့်ရအောင်။
1. Palo Alto Networks, Inc. (PANW) -3.92%
2. Broadcom Inc. (AVGO) -1.05%
3. META 6.15%
4. Advanced Micro Devices, Inc. (AMD) 6.07%
5. Amazon.com, Inc. (AMZN) 1.58%
6. Intel Corporation (INTC) 9.02%
7. QUALCOMM Incorporated (QCOM) 1.10%
8. The Boeing Company (BA) -0.99%
9. NVIDIA Corporation (NVDA) 1.36%
10. Netflix, Inc. (NFLX) 3.20%
11. Bank of America Corporation (BAC) 0.30%
Stock (11)ခုမှာ (3) ခုရှုံးပါတယ်။ ဒါပေမယ့် ကျန်တဲ့ Stock တွေ အမြတ်ထွက်တဲ့ အတွက် Portfolio တခုလုံးအနေနဲ့ 2.07% မြတ်ပါတယ်။ ဒါဟာ Market Benchmark S&P500 index ရဲ့ return 1% ထက် သာနေတာကို တွေ့ရပါမယ်။
Tag:forex, investing, stockmarket, trading