ဒီတပတ်ကတော့ အရေးကြီးတဲ့ဖြစ်စဉ်များအနေနဲ့…. ဟွန်သီတွေပစ်လိုက်တဲ့ ဒုံးကျည် အစ္စရေး International Airport အနီး ကျရောက်ပေါက်ကွဲခဲ့ပြီး အစ္စရေးတို့က လက်တုန့်ပြန်တဲ့အနေနဲ့ ယီမင်လေဆိပ် အပါအဝင် အကြမ်းဖက် အခြေစိုက်နေရာတွေကို ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။ FOMC meeting ကို မြန်မာအချိန် မေလ(၈)ရက် အစောပိုင်းမှာ ပြုလုပ်ခဲ့ပြီး အတိုးနှုန်းကို မလျှော့ပဲ ဒီတိုင်းထားဖို့ အမေရိကန်ဗဟိုဘဏ်က ဆုံးဖြတ်ခဲ့ပါတယ်။ မေလ(၇)ရက် မနက်ပိုင်းမှာပဲ အိန္ဒိယက ပါကစ္စတန်အတွင်းပိုင်း ကက်ရှ်မီးယားဒေသကို လေကြောင်းကနေ စတင်တိုက်ခိုက်ခဲ့ပြီး စစ်ရေးတင်းမာမှုတွေ မြင့်တက်လာပါတယ်။ အပြန်အလှန်ပစ်ခတ်မှုတွေနဲ့ သေဆုံးမှုအချို့ရှိခဲ့ပါတယ်။ တင်းမာမှုတွေ …
