
Weekly Summary (12 Aug – 16 Aug)
ဒီတပတ်မှာတော့ ကမ္ဘာ့ရွှေဈေးဟာ ပြောစမှတ်ပြုလောက်အောင် စံချိန်တင်ဈေးကို ရောက်ရှိခဲ့ပြီး 2,507 နဲ့ ဈေးပိတ်ခဲ့ပါတယ်။ သောကြာနေ့မှာ ထွက်ခဲ့တဲ့ US Housing data ခန့်မှန်းထားသလောက် မကောင်းတဲ့အချက်ကလည်း အမေရိကန်ဗဟိုဘဏ် Fed က အတိုးနှုန်းလျှော့ချမယ့်ကိစ္စ ပိုပြီးများများနဲ့ မြန်မြန်ဖြစ်လာမယ်လို့ ခန့်မှန်းကြတယ်… ဒါကြောင့် သောကြာနေ့ data ထွက်အပြီးမှာ ရွှေဈေးက တဟုန်ထိုးတက်သွားတာ ဖြစ်ပါတယ်။ ဒီတပတ်အတွက်တော့ ရွှေဟာ 3.2% တက်ခဲ့ပါတယ်။
ရေနံဈေးကတော့ ဒီတပတ်အစောပိုင်းမှာ တက်ခဲ့ပြီး နောက်ပိုင်းရက်တွေမှာ ပြန်ကျပါတယ်။ Trader တွေဟာ တရုတ်စီးပွားရေးနှေးကွေးလာမှုနဲ့ အရှေ့အလယ်ပိုင်းမှာ တင်းမာမှု၊ ဒီနှစ်ခုကြားမှာ ဘာကို ပိုအလေးပေးရမလဲ ချိန်ဆနေကြပါတယ်။ US က crude oil inventory တက်လာတာကလည်း ရေနံဈေးကျလာစေတဲ့ အကြောင်းတရပ်ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ ရေနံဈေးက အဖွင့်ဈေးထက် 0.4% ကျဆင်းပါတယ်။
USD index ကတော့ ဒီတပတ် ကျပါတယ်။ inflation လျော့ကျလာပြီး လာမယ့် စက်တင်ဘာလမှာ အတိုးနှုန်းလျှော့ချမယ့် ကိစ္စပိုပြီးသေချာသလောက်ဖြစ်လာတာကြောင့်ပါ။ 25bps (0.25%) လျှော့ချမယ်လို့ ခန့်မှန်းကြပါတယ်။
Euro နဲ့ British Pound ကတော့ 1.0% နဲ့ 1.4% အသီးသီး တက်ပါတယ်။ Japan Yen ကတော့ 0.7% တန်ဖိုးကျပါတယ်။
Stock Market ကတော့ ဒီတပတ်မှာ Star performer ပါပဲ.. S&P 500 index က 4.4% တက်ခဲ့ပါတယ်။ Inflation လျော့ကျခြင်းဟာ Stock market ကို အားကောင်းစေပါတယ်။
လာမယ့်အပတ်မှာတော့ အရှေ့အလယ်ပိုင်း တင်းမာမှု နဲ့ ရုရှား-ယူကရိန်း စစ်ပွဲကို သတိထားစောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
6:35pm; 18 August 2024
Tag:forex, gold, oil, stockmarket