
Weekly Summary (19 Aug – 23 Aug)
ပြီးခဲ့တဲ့သောကြာနေ့မှာပဲ Fed Chairman ပါဝဲလ်က ပေါ်လစီ ပြန်ချိန်ညှိရမယ့်အချိန်ရောက်ပြီလို့ ပြောဆိုခဲ့ပြီး အတိုးနှုန်းလျှော့ချဖို့ လမ်းကြောင်းခင်းပေးခဲ့ပါပြီ။ လာမယ့် စက်တင်ဘာ Fed meeting မှာ အတိုးနှုန်း 0.25% လျှော့ချဖို့ အလားအလာ 74% ရှိလာပါတယ်။ မစ္စတာပါဝဲလ်ကတော့ စက်တင်ဘာမှာ လျှော့ချမယ့် အတိုးနှုန်းပမာဏက လာမယ့် Nonfarm Payroll အပေါ်မှာ မူတည်နေတယ်လို့ ဆိုပါတယ်။ ဒီလိုအလားအလာတွေ ရှိလာတဲ့အတွက် USD ဟာ အားပျော့လာတာဖြစ်ပြီး USD Index က ကျဆင်းခဲ့ပါတယ်။ ဒီတပတ်အတွက် USD index က 1.6% ကျဆင်းခဲ့ပါတယ်။
Japan Yen အနေနဲ့ ဂျပန်ဗဟိုဘဏ်ဥက္ကဌရဲ့ တင်းကျပ်တဲ့ပေါ်လစီကိုဆက်လက်ကျင့်သုံးမယ့်ပုံစံရှိနေပြီး ဒီနှစ်ထဲမှာ အတိုးနှုန်းထပ်တိုးဦးမယ့် အလားအလာရှိတာရယ် USD အားပျော့လာတာ စတဲ့အချက်တွေကြောင့် တန်ဖိုးတက်လာပါတယ်။ ဒီတပတ်အတွက် 2.2% တက်ပါတယ်။
British pound နဲ့ Euro တို့လည်း 2.1% နဲ့ 1.5% အသီးသီး တက်ပါတယ်။
ကမ္ဘာ့ရွှေဈေးကွက်ကတော့ ဒီတပတ်အစောပိုင်းကတည်းက တက်ခဲ့တာဖြစ်ပြီး ကြာသပတေးနေ့ home sales data ထွက်အပြီးမှာ အနည်းငယ်ပြန်ကျပေမယ့် သောကြာနေ့ ပါဝဲလ် မိန့်ခွန်းကြောင့် ပြန်တက်လာပါတယ်။ ဒီတပတ်အတွက် 0.2% သာ တက်ခဲ့တာဖြစ်ပါတယ်။
ရေနံဈေးကတော့ ဒီတပတ်မှာလည်း ဆက်လက်ကျဆင်းနေခဲ့တာဖြစ်ပြီး သောကြာနေ့မှာတော့ ပြန်တက်လာပါတယ်။ ဒီတပတ်အတွက် 1.0% ကျဆင်းပါတယ်။
ဒီတနင်္ဂနွေနေ့အစောပိုင်းမှာပဲ ဟစ်စဘိုလာတွေက အစ္စရေးစစ်ရေးပစ်မှတ်ကို ဒုံးကျည်တွေ၊ ဒရုန်းတွေ ရာနဲ့ချီပြီး ပစ်ခတ်ခဲ့ပါတယ်။ အစ္စရေးဖက်က လက်တုန့်ပြန်တဲ့အနေနဲ့ ဒါဇင်နဲ့ချီတဲ့ ရော့ကက်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့သလို တိုက်လေယာဉ် အစီး(၁၀၀)လောက်က ဟစ်စဘိုလာတွေရဲ့ ရော့ကက်ပစ်တဲ့ launcher ထောင်ဂဏန်းကို ပြန်လည်ဖျက်ဆီးပစ်ခဲ့တယ်လို့ ဆိုပါတယ်။ အရှေ့အလယ်ပိုင်းစစ်မီးက နောက်တဆင့်ထပ်မြင့်လာမှာကို စိုးရိမ်နေကြရပါတယ်။
9:25pm; 25 August 2024
Tag:forex, gold, oil, stockmarket