
Weekly Summary (2 Sep – 6 Sep)
ကမ္ဘာ့ရွှေဈေးဟာ ဒီတပတ်အစပိုင်းမှာ sideways သွားနေရာက ကြာသပတေးနေ့မှာ 2,500 ကို ပြန်ကျော်ခဲ့ပြီး 2517 နဲ့ ဈေးပိတ်ခဲ့ပါတယ်။ သောကြာနေ့မှာတော့ all-time high 2,531 အထိရောက်ခဲ့ပါတယ်။ ဒါပေမယ့် U.S Nonfarm Payrolls report ထွက်ပြီးတဲ့အခါမှာတော့ ရွှေဈေးဟာ ပြန်ဆင်းသွားပြီး 2,497 နဲ့ ပိတ်ခဲ့ပါတယ်။ NFP က မှန်းထားတာထက်နည်းနေပေမယ့် ယခင် july report ထက် အများကြီးကောင်းခဲ့ပါတယ်။ ဒါကြောင့်မို့ ရွှေဈေးကျသွားတာပါ။ စက်တင်ဘာထဲ လျှော့ချမယ့် အတိုးနှုန်းကလည်း 0.25% နဲ 0.5% မှာ အစက 0.5% က ဖြစ်နိုင်ချေပိုများနေပေမယ့် နောက်ဆုံး data အရ 0.25% လျှော့ချဖို့ ဖြစ်နိုင်ချေက 73% ရှိလာပါတယ်။ ဒီတပတ်အတွက် ရွှေကတော့ 0.2% ကျပါတယ်။
ရေနံဈေးကတော့ ဒီတပတ်မှာလည်း ဆက်လက်ကျဆင်းပါတယ်။ WTI crude oil က 7.6% ကျဆင်းပြီး တစည်ကို 67.5$ နဲ့ဈေးပိတ်ခဲ့ပါတယ်။ တရုတ်ရဲ့ demand လျော့ကျလာတဲ့ အခြေအနေနဲ့ သက်ဆိုင်နေပါတယ်။
USD Index ကတော့ 0.5% ကျဆင်းပါတယ်။
Euro နဲ့ Japan Yen ကတော့ တက်ခဲ့ပြီး 0.3% နဲ့ 2.6% အသီးသီး တက်ပါတယ်။
Stock market ကတော့ အလှုပ်အယမ်းများခဲ့ပြီး S&P 500 stock index က 4.5% ကျဆင်းသွားပါတယ်။ labor market တိုးတက်မှုနှေးကွေးလာတာကြောင့် U.S economy အပေါ်စိုးရိမ်လာကြပါတယ်။ အဓိကအားဖြင့် technology stocks တွေ Growth stock တွေ ကျဆင်းသွားပါတယ်။ AI leader ဖြစ်တဲ့ NVIDIA ကလည်း 4% ကျဆင်းသွားပါတယ်။
8:20pm; 08 September 2024
Tag:forex, gold, oil, stockmarket