
Weekly Summary (26 Aug – 30 Aug)
ကြာသပတေးနေ့မှာ US GDP Q2 Preliminary က 3.0% ဖြစ်ခဲ့ပြီး မှန်းထားတဲ့ 2.8% ထက်များခဲ့လို့ USD Index ပြန်လည်အားကောင်းခဲ့ပါတယ်။
အမေရိကန်ဗဟိုဘဏ် ပိုနှစ်သက်တဲ့ Inflation တိုင်းတာတဲ့နည်းတခုဖြစ်တဲ့ Core PCE (Personal Consumption Expenditure) Price Index နဲ့ PCE Price Index report တွေ သောကြာနေ့မှာထွက်ခဲ့ပါတယ်။ 2.7% YoY နဲ့ 2.6% YoY ဖြစ်မယ်လို့ မှန်းခဲ့ကြပေမယ့် 2.6% နဲ့ 2.5% အသီးသီးဖြစ်ခဲ့ကြလို့ Inflation က မှန်းသလောက်မတက်ပါဘူး။ ဒါကြောင့် USD Index က ဆက်လက်ခဲ့ပြီး ကမ္ဘာ့ရွှေကတော့ အမြင့်ဆုံး 2528 လောက်ကနေ 2500 အောက်ကို ပြန်ကျခဲ့ပြီး 2,503 နဲ့ ဈေးကွက်ပိတ်ခဲ့ပါတယ်။ ရွှေက ဒီပတ်အတွက် 0.3% ကျဆင်းပါတယ်။
ရေနံဈေးကတော့ OPEC+ က အောက်တိုဘာလမှာ ရေနံစည်တိုးမြှင့်ထုတ်လုပ်မယ်ဆိုတဲ့ သတင်းအပြီးမှာ WTI crude oil ဟာ 2.62% ကျဆင်းခဲ့ပါတယ်။ ဒီတပတ်အတွက် 2.4% ကျဆင်းပါတယ်။
USD Index ကတော့ 1.1% တက်ပါတယ်။ Euro, British Pound နဲ့ Japanese Yen တို့ 1.3%, 0.6% နဲ့ 1.3% ကျဆင်းပါတယ်။
Stock Index ဖြစ်တဲ့ S&P 500 Index ကတော့ အပြောင်းအလဲအနည်းငယ်ပဲ ဖြစ်ခဲ့ပြီး 0.2% သာ တက်ခဲ့တာကို တွေ့ရပါတယ်။
7:19pm; 01 September 2024
Tag:forex, gold, oil, stockmarket