
Weekly Summary (28 Apr – 2 May)
- Categories Weekly Summary
- Date May 7, 2025
- Comments 0 comment
ထရမ့်နဲ့သူရဲ့အဖွဲ့ဟာ တရုတ်နဲ့အခွန်ကိစ္စတွေ ညှိနှိုင်းလိုတဲ့ သဘောထားတွေ ပြလာတာကြောင့် U.S နဲ့ China ကုန်သွယ်ရေးနဲ့ပတ်သက်ပြီး တင်းမာမှုလျော့ကျလာပါတယ်။ Investor တွေ စိုးရိမ်ပူပန်မှု အနည်းငယ်လျော့ကျပြီး Stock market ပြန်တက်လာတာဖြစ်ပါတယ်။ တရားဝင်သဘောတူညီချက် ကြေငြာချက် ဘာမှမရှိသေးပေမယ့် Investor တွေ အကောင်းမြင်လာကြတာဖြစ်ပါတယ်။ ဒီတပတ်အတွင်း ထွက်ခဲ့တဲ့ job data တွေ အားကောင်းလာပါတယ်… unemployment rate ကလည်း တည်ငြိမ်တဲ့ အနေအထားပါ.. အကောက်ခွန်ပေါ်လစီတွေကြောင့် အလုပ်အကိုင်တွေ ထိခိုက်ပုံမရသေးပါဘူး။
ဒီတပတ်မှာ ထွက်ခဲ့တဲ့ Corporate earnings တွေကလည်း ရလာဒ်ကောင်းတာတွေ့ရပါတယ်။ Microsoft, Meta, Google, Apple, Amazon စတဲ့ tech company ကြီးတွေရဲ့ Revenue နဲ့ Earning per Share တွေဟာ မျှော်လင့်ထားတာထက် ရလာဒ်ပိုကောင်းခဲ့ပါတယ်။
Stock market ပြန်လည် နလံထူလာခြင်းကို Technology sector က အဓိက ဦးဆောင်ခဲ့တာတွေ့ရပါတယ်။
USD index ကလည်း ပြန်လည်မြင့်တက်လာပါတယ်။ Safe haven ဖြစ်တဲ့ ရွေက ဆက်လက်ကျဆင်းပါတယ်။
ပြီးခဲ့တဲ့ (၂) ပတ်အတွင်း…
Gold -> 5.8% ⬇️
Crude Oil -> 6.1% ⬇️
USD index -> 2.0% ⬆️
Nikkei 225 -> 6.3% ⬆️
S&P 500 -> 8.6% ⬆️
Nasdaq -> 10.9% ⬆️
Cryptocurrency တွေဖြစ်တဲ့
Bitcoin -> 10.3% ⬆️
Solona -> 10.3% ⬆️
Ethereum -> 16.4% ⬆️

Tag:forex, gold, oil, stockmarket
You may also like

Weekly Summary (19 May – 23 May)

Weekly Summary (12 May – 16 May)
