
Weekly Summary (9 Sep – 13 Sep)
ကမ္ဘာ့ရွှေဈေးဟာ ဒီတပတ်အစပိုင်း ဈေးဖွင့်တာနဲ့ တောက်လျှောက်တက်ခဲ့ပြီး 11 Sep ဗုဒ္ဓဟူးနေ့ Core CPI data အတန်သင့်ကောင်းမွန်တာကြောင့် 2,500 level အထိ အနည်းငယ် pullback ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကြာသပတေးနေ့ Initial jobless claim နဲ့ PPI data ထွက်အပြီးမှာ ပြန်တက်ခဲ့ပြီး ယခင်အပတ်က စံချိန်တင်ခဲ့တဲ့ ဈေးတန်း 2,531 ကို ကျော်ပြီး ထပ်မံ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။ PPI data ဟာ မျှော်မှန်းထားတာထက် နည်းခဲ့တဲ့အတွက်ကြောင့် interest rate လျှော့ချဖို့မှာ 0.5% လား 0.25% ဆိုတာ ဗဟိုဘဏ် အရာရှိတွေ ဆွေးနွေးငြင်းခုံရမယ့် အခြေအနေ ဖြစ်လာပါတယ်။ US dollar အတွက် ထိုးနှက်ချက်တခု ဖြစ်ခဲ့ပြီး ကမ္ဘာ့ရွှေကတော့ စံချိန်တင်ထပ်မံမြင့်တက်ခဲ့ကာ သောကြာနေ့မှာ 2,578 နဲ့ ဈေးပိတ်ခဲ့တာ တွေ့ရပါတယ်။
လက်ရှိမှာတော့ ရွှေဟာ Overbought region မှာ ရောက်နေတဲ့အတွက် bullish သမားများ၊ အဝယ်သမားများ သတိထားစောင့်ကြည့်သင့်ပါတယ်။
European Central Bank (ECB) က 12 Sep အတိုးနှုန်း 0.25% လျှော့ချခဲ့သလို အင်္ဂလန်ဗဟိုဘဏ်ကလည်း အတိုးနှုန်းကိစ္စ နောက်ပိုင်း meeting တွေမှာ ဆွေးနွေးဖို့ရှိလာတာတွေ စတဲ့အချက်တွေက်ည်း ရွှေဈေးအတက်ဖက်ကို ပိုပြီးအားသာစေပါတယ်။
လာမယ့် 18 Sep ဗုဒ္ဓဟူးနေ့ meeting (မြန်မာမှာ 14 Sep အစောပိုင်း) မှာ interest rate ဘယ်လောက်လျှော့ချမယ်ဆိုတာ ထုတ်ပြန်မှာ ဖြစ်ပါတယ်။
ဒီကနေ့ အစောပိုင်းမှာပဲ ယီမင်မြောက်ပိုင်းက ဟွန်သီတွေ ပစ်လွှတ်လိုက်တဲ့ အသံထက်မြန်တဲ့ ဒုံးကျည်တစ်စင်း အစ္စရေးနိုင်ငံ အလယ်ပိုင်းကို ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ လူမရှိတဲ့ ကွင်းပြင်ကို ကျတာမို့လို့ လူတွေ ထိခိုက်မှုမရှိဘူးလို့ အစ္စရေးဖက်က ထုတ်ပြန်ပါတယ်။
ရေနံဈေးကတော့ ဒီတပတ်အစပိုင်းမှာ ကျဆင်းခဲ့ပါတယ်။ ၄ လ အတွင်းအနိမ့်ဆုံးဈေးကို ရောက်ခဲ့ပါတယ်။ ဟာရီကိန်းမုန်တိုင်း အမေရိကန်ကို ဝင်ရောက်ခဲ့ပြီး မက္ကဆီကို ပင်လယ်ကွေ့မှာရှိတဲ့ ရေနံထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်တဲ့အတွက် ရေနံဈေးပြန်တက်ခဲ့ပါတယ်။ ဒီတပတ်မှာ ရေနံဈေး 1.1% တက်ခဲ့တာပဲ ဖြစ်ပါတယ်။
USD Index, Euro နဲ့ British Pound တွေကတော့ ဒီတပတ်အတွင်း အတက်အကျများ ဖြစ်ခဲ့ပေမယ့် အဖွင့်ဈေးနားမှာပဲ ပြန်ပိတ်ခဲ့တာ တွေ့ရပါတယ်။
Japan Yen ကတော့ ဆက်လက်အားကောင်းခဲ့ပြီး ဒီတပတ်အတွက် 1.0% တက်ခဲ့ပါတယ်။
Stock ဈေးကွက်ကတော့ ဒီတပတ် 4.0% ပြန်တက်ခဲ့ပြီး ယခင်အပတ်က ကျဆင်းခဲ့တာကို recover ပြန်ဖြစ်လာတဲ့ အနေအထားပါ။ အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်း 0.50% လျှော့ချဖို့ ဖြစ်နိုင်ချေဟာ 28% ကနေ 49% အထိတက်လာတာကြောင့် stock market ဒီတပတ်မှာ ပြန်တက်လာတာ ဖြစ်ပါတယ်။
6:33pm; 15 September 2024
Tag:forex, gold, oil, stockmarket


