
Weekly Summary (16 Jun – 20 Jun)
- Categories Weekly Summary
- Date June 25, 2025
- Comments 0 comment
✅ ဒီတပတ်မှာ ရွှေဈေးဟာ တနင်္လာနေ့ 16 Jun ဈေးစဖွင့်ချိန် ပထမတနာရီအတွင်း opening gap ဖြစ်ပေါ်ခဲ့တာကို တွေ့ရပါတယ်။ upward opening gap or gap-up ဆိုတာကတော့ သောကြာနေ့ ဈေးကွက်ပိတ်ချိန်မှာ 3432 နဲ့ ဈေးပိတ်ခဲ့ပေမယ့် တနင်္လာနေ့ ဈေးကွက်ပြန်ဖွင့်တဲ့အချိန်မှာ 3445 နဲ့ ဈေးစဖွင့်တာဖြစ်တဲ့အတွက် chart မှာကြည့်ရင် ယခင် Closing price ထက် Opening price က ပိုများသွားတဲ့အတွက် gap လေး ဖြစ်နေတာ တွေ့ရပါမယ်။ ယေဘူယျအားဖြင့် အဲဒီ gap ကို ဈေးကွက်ဖွင့်ပြီး နာရီအနည်းငယ်အတွင်း fill ပြန်မဖြစ်နိုင်ရင် ဈေးတက်ဖို့ဖြစ်နိုင်ချေများသွားပြီး gap ကို fill ဖြစ်ခဲ့ပြီး ယခင်ရက်က Highest price အောက်မှာ ဈေးပိတ်နိုင်ခဲ့ရင် ဈေးကျမှာဖြစ်ပါတယ်။ ဈေးကအမြင့်ဈေးနဲ့ဖွင့်ပေမယ့် ဈေးကျလာပြီး gap ကို fill ဖြစ်ခဲ့တာတွေ့ရပါတယ်။ တနင်္လာနေ့မှာ Key level 2448 အထက်မှာ ဈေးမပိတ်နိုင်ပဲ ဈေးကျပြီး 3385 နဲ့ ဈေးပိတ်ခဲ့ပါတယ်။ Investor များ profit taking လုပ်ပြီး လာမယ့် FOMC meeting ကို စောင့်ကြည့်ကြပါတယ်။ technically အနေနဲ့ တနင်္လာနေ့အပြီး bearish engulfing pattern ဖြစ်ပေါ်ခဲ့ပြီး ဒီတပတ် ကမ္ဘာ့ရွှေက ဈေးကျပါတယ်။ Jun 18 မှာ FOMC meeting ကို ပြုလုပ်ခဲ့ပြီး interest rate ကို လက်ရှိနှုန်းထားအတိုင်း ဆက်လက်ထားရှိပါတယ်။ လုပ်သားဈေးကွက်အခြေအနေကောင်းမွန်မှုရှိပြီး စီးပွားရေးကလည်း ခိုင်မာအားကောင်းတဲ့ အနေအထားရှိကြောင်း Fed chair Powell က ပြောပါတယ်။ သို့ပေမယ့် Inflation သည် ရည်မှန်းထားတဲ့ နှုန်းထက်မြင့်နေဆဲဖြစ်ပြီး အခွန်ကိစ္စတွေကြောင့် Inflation က ဆက်လက်ရှိနေနိုင်သေးတယ်လို့ ပြောပါတယ်။ Fed ရဲ့ hawkish tone ကြောင့် ရွှေဈေးအပေါ်ပိုပြီးဖိအား ဖြစ်စေခဲ့ပါတယ်။
WTI Crude Oil ကတော့ ဆက်လက်မြင့်တက်နေပါတယ်။
ဇွန်လ (16 – 20) အတွင်း….
Gold -> 1.8% ⬇️
Crude Oil -> 2.7% ⬆️
USD index -> 0.5% ⬆️
Nikkei 225 -> 1.5% ⬆️
HSI -> 1.5% ⬇️
S&P 500 -> 0.2% ⬇️
Nasdaq -> 1.1% ⬆️
✅ Stock Sector ETF တွေအနေနဲ့ ဒီတပတ်လည်း Energy Sector ဦးဆောင်ပြီး 1.0% တက်ပါတယ်။ အဓိက ရေနံဈေးအရမ်းတက်သွားတဲ့ အတွက်ကြောင့် Oil & Gas Company များရဲ့ share price များ တက်သွားတာကြောင့်ပါ။ Health Care sector ကတော့ 2.6% ကျဆင်းပါတယ်။
✅ Magnificent 7 Stock တွေထဲမှာ Apple က ဒီတပတ် 2.3% ပြန်တက်လာပါတယ်။ Google share ကတော့ 4.6% ကျဆင်းသွားပါတယ်။
✅ Volatility Index တခုဖြစ်တဲ့ VIX index က ဒီတပတ်အတွက် အနည်းငယ်မြင့်တက်လာပါတယ်။ Stock Market အပေါ်စိုးရိမ်မှုတွေရှိလာပါတယ်။ VIX ဟာ ၎င်းရဲ့ 20 Day Moving Average အပေါ်မှာ ဆက်လက်ရှိနေပါတယ်။ Stock Market အတွက် သတိထားရမယ့်အချိန်ပါပဲ။ VIX ကို Stock market ရဲ့ Fear Index လို့လည်း ခေါ်ကြပါတယ်။
✅ Major currency တွေအနေနဲ့…
USD Index တက်တာဖြစ်တဲ့အတွက်ကြောင့် တော်တော်များများ ကျဆင်းပါတယ်။
EURO -> 0.8% ⬇️
GBP -> 1.1% ⬇️
NZD -> 1.1% ⬇️
AUD -> 0.6% ⬇️
CHF -> 0.9% ⬇️
JPY -> 1.4% ⬇️
CAD -> 0.7% ⬇️
စသဖြင့် USD နဲ့ယှဉ်ရင် အသီးသီး တန်ဖိုးကျပါတယ်။
✅ Cryptocurrency တွေဖြစ်တဲ့
Bitcoin -> 2.1% ⬇️
Solona -> 8.3% ⬇️
Ethereum -> 5.5% ⬇️
DOGE -> 75% ⬇️
XRP -> 2.2% ⬇️
✅ ရှေ့လာမယ့်သီတင်းပတ်မှာတော့…
✅ Existing Home Sales, CB Consumer Confidence, New Home Sales, GDP, PCE Price Index စတဲ့ economic data များ ထုတ်ပြန်ဖို့ရှိပါတယ်။ ဒီတနင်္ဂနွေ အစောပိုင်းမှာပဲ အမေရိကန်က အီရန်ရဲ့ နျူကလီးယား ထုတ်လုပ်ရာ စခန်း(၃)ခုကို B-2 ဗုံးကြဲလေယာဉ်များနဲ့ ဗုံးကြဲပြီး စစ်ပွဲထဲပါဝင်လာပြီ ဖြစ်ပါတယ်။ အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်ဟာ အီရန်နဲ့ကြောက်စရာကောင်းတဲ့ စစ်ပွဲကို စတင်လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။ အမေရိကန်ဗုံးကြဲပြီး မကြာခင်မှာပဲ အီရန်က အစ္စရေးကို ဒုံးကျည်အုပ်စုတခု ထပ်မံပစ်လွှတ်ခဲ့ပါတယ်။ အီရန်က အမေရိကန်ကို လက်တုန့်ပြန်မယ်လို့ ပြောထားပါတယ်။ အီရန် ဘယ်လို လက်တုန့်ပြန်မလဲဆိုတာ စောင့်ကြည့်နေကြတဲ့ အနေအထားပါ။
✅ ရေနံဈေးကတော့ ဆက်လက်တက်ဦးမှာဖြစ်ပါတယ်။ အကယ်၍ အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်လိုက်ရင် ရေတိုကာလမှာ ပိုပြီးတက်နိုင်ပါတယ်။ WTI နဲ့ Brent oil တစည်ကို $5 – $15 ကြားချက်ချင်းတက်သွားနို်ငပြီး အီရန်က လက်တုန့်ပြန်မှုပြင်းထန်လာရင် supply ကို ထိခိုက်လာနိုင်ပြီး တစည်ကို $130 တက်သွားနိုင်တယ်လို့ worst-case scenario အဖြစ် JP Morgan က ခန့်မှန်းထားကြောင်းပါ။
✅ ရွှေလည်းဈေးတက်မှာ ဖြစ်သလို ငွေနဲ့ ပလက်တီနမ်လည်း နောက်က လိုက်တက်နိုင်ပါတယ်။ Stock & Equities market ကတော့ ရေတိုကာလ ကျဆင်းနိုင်ပါတယ်။ Defense stock, energy stock များကတော့ တက်နိုင်ပါတယ်။ USD, JPY နဲ့ CHF များကတော့ safe-haven ဖြစ်တဲ့အတွက် တက်နိုင်ပါတယ်။ Crypto တွေဖြစ်တဲ့ BTC နဲ့ ETH ကတော့ ဈေးကွက်စအဖွင့်မှာ liquidation ရှိနိုင်တဲ့အတွက် ကျဆင်းနိုင်ပါတယ်။
လာမယ့်သီတင်းပတ်ကတော့ ဈေးကွက်များ အလှုပ်အယမ်းများနိုင်ပြီး အပြောင်းအလဲများနိုင်တဲ့အတွက် update news များကို သတိထားစောင့်ကြည့်သင့်ပါကြောင်း တင်ပြလိုက်ပါတယ်။
You may also like
Weekly Summary (9 Jun – 13 Jun)
Weekly Summary (2 Jun – 6 Jun)