• Courses
    • Technical Analysis
      • Technical Analysis for Trading and Investing
    • Home
    • Summaries and Analysis
      • Weekly Summary
      • Analysis
    • My Account
    Login
    • Home
    • Private: Blog
    • Weekly Summary

    Weekly Summary (26 May – 30 May)

    • Categories Weekly Summary
    • Date June 11, 2025
    • Comments 0 comment
    ✅ဒီတပတ်မှာ ရွှေဈေးဟာ ဈေးစဖွင့်တဲ့ (၄)နာရီအတွင်း ဈေးမတက်နိုင်ပဲ 22 Apr က စတင်ဖြစ်တည်လာတဲ့ falling resistance line အောက်နားမှာ 4 Hour doji နဲ့ shooting star candle တွေ ဖြစ်ပေါ်ခဲ့ပြီး ဈေးအကျဖက်အားသာလာတာပဲ ဖြစ်ပါတယ်။ 4 Hour ascending channel ကိုလည်း breakout ဖြစ်ခဲ့တာတွေ့ရပါတယ်။ ထရမ့်က EU အပေါ် 50% အခွန်ကောက်ခံဖို့ကိစ္စကို July 9 ရက်နေ့အထိ ရွှေ့ဆိုင်းမယ်လို့ ပြောဆိုအပြီး USD ပြန်လည်အားကောင်းလာပြီး ရွှေဈေးဟာ အားပျော့လာတာဖြစ်ပါတယ်။ Fed ရဲ့ inflation တိုင်းတာတဲ့ favorite tool တခုဖြစ်တဲ့ PCE Price Index ဟာ April လမှာ ယခင်နှစ် April လထက် 2.1% သာမြင့်တက်ခဲ့ပြီး ခန့်မှန်းထားတဲ့ 2.2% ထက် လျော့နည်းခဲ့ပါတယ်။ Conference Board Consumer Confidence နဲ့ Michigan Consumer Sentiment တွေအရ စီးပွားရေးအပေါ် စားသုံးသူများ ယုံကြည်မှု ရှိနေတယ်၊ အကောင်းမြင်နေကြောင်း ပြသနေပါတယ်။ Job data ကတော့ သိပ်မကောင်းပါဘူး..Jobless Claims မြင့်တက်လာတာကို တွေ့ရပါတယ်။
    ✅U.S Court of International Trade က ထရမ့်မှာ အခွန်နှုန်းထားတွေကို ဒီလိုသတ်မှတ်ဖို့ အခွင့်အာဏာ မရှိဘူးလို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ သတင်းထွက်အပြီးမှာ ကမ္ဘာ့ရွှေဈေးဟာ တနာရီအတွင်း 1.28% ကျဆင်းသွားပြီး S&P 500 index က 1.34% တက်သွားပါတယ်။ ဒါပေမယ့် နောက်ပိုင်း trading session တွေမှာ correction ပြန်ဖြစ်သွားတာ တွေ့ရပါတယ်။ ထရမ့်နဲ့အစိုးရအဖွဲ့က အယူခံဝင်ထားပါတယ်။
    ✅ကြာသပတေးနေ့မှာ ထရမ့်က Fed Chair ပါဝဲလ် ကို အိမ်ဖြူတော်သို့ခေါ်ပြီး ပထမဆုံးအကြိမ်အဖြစ် မျက်နှာချင်းဆိုင် ဆွေးနွေးကြပါတယ်။ အတိုးနှုန်းမချတဲ့အတွက် အမှားအယွင်းတခုကို ပြုလုပ်နေတာဖြစ်ကြောင်း ဗဟိုဘဏ်ဥက္ကဌကို ပြောဆိုလိုက်ပါတယ်။
    အချုပ်အားဖြင့် မေလ နောက်ဆုံးအပတ်အတွင်း….
    Gold -> 2.2% ⬇️
    Crude Oil -> 1.2% ⬇️
    USD index -> 0.2% ⬆️
    Nikkei 225 -> 2.2% ⬆️
    HSI -> 1.3% ⬇️
    S&P 500 -> 1.9% ⬆️
    Nasdaq -> 1.9% ⬆️
     
     
    ✅ Stock Sector ETF တွေအနေနဲ့ Energy sector က လွဲလို့ အားလုံးတက်တာဖြစ်ပြီး Real Estate +2.7%, Technology, Healthcare နဲ့ Financial sector တို့က +1.8% အသီးသီး တက်တာတွေ့ရပါတယ်။
     
     
    ✅ Magnificent 7 Stock အားလုံးတက်ပြီး Meta +3.3%, Apple နဲ့ NVIDIA က +2.9% အသီးသီး တက်တာကို တွေ့ရပါတယ်။
    ✅ NVIDIA ရဲ့ ပထမသုံးလပတ် ဝင်ငွေရရှိမှုဟာ ခန့်မှန်းထားတဲ့ 43.31B ကို ကျော်လွန်ပြီး 44.1B ရရှိခဲ့တာဖြစ်ပါတယ်။ NVIDIA ရဲ့ share price တက်သွားခဲ့ပါတယ်။
    ✅ Volatility Index တခုဖြစ်တဲ့ VIX index က ကျဆင်းနေပြီးတော့ ၎င်းရဲ့ 20 Day Moving Average အောက်ကို ရောက်နေပါတယ်။ VIX ကို Stock market ရဲ့ Fear Index လို့လည်း ခေါ်ကြပါတယ်။ Investor တွေ Stock market အပေါ်စိုးရိမ်နေတဲ့ အချိန်မှာ VIX index ဂဏန်းမြင့်တက်လာပြီး စိုးရိမ်မှုလျော့ကျတဲ့အချိန်မှာ ကျနေတတ်ပါတယ်။
    Major currency တွေအနေနဲ့…
    EURO -> 0.6% ⬆️
    GBP -> 0.3% ⬆️
    NZD -> 1.1% ⬆️
    Cryptocurrency တွေဖြစ်တဲ့
    Bitcoin -> 4.6% ⬇️
    Solona -> 11.1% ⬇️
    Ethereum -> 0.9% ⬇️
    DOGE -> 14.0% ⬇️
    XRP -> 8.7% ⬇️
    ✅ ရှေ့လာမယ့်အပတ်မှာတော့…
    Manufacturing PMI, ADP Nonfarm Employment Change, ISM Non-Manufacturing PMI, NFP စတဲ့ U.S economy ကို ထင်ဟပ်စေတဲ့ data တွေ ထုတ်ပြန်ဖို့ရှိပါတယ်။ Market ကို impact ဖြစ်စေနိုင်တဲ့ data များဖြစ်ပါတယ်။
    ✅ ရွှေဈေးအနေနဲ့ကတော့ လက်ရှိမှာ bear များ အားသာနေတဲ့ အနေအထားပါပဲ။ သို့ပေမယ့် Daily timeframe RSI value 51 အထက်မှာ ရှိနေသေးတဲ့အတွက် စောင့်ကြည့်ရမှာပါ။ Overbought အနေအထားမှာမဖြစ်သေးလို့ ဈေးထပ်တက်ဖို့ space ရှိသေးတယ်လို့ ပြောလို့ရနိုင်ပါတယ်။ သောကြာနေ့က ဈေးကျပေမယ့် volume က ယခင်ရက်ကထက် နည်းတာတွေ့ရပါတယ်။ Gold/USD relative strength ratio က 20 Day Moving Average အပေါ်မှာပဲ ဆက်လက်ရှိနေသေးတဲ့အတွက် ရွှေက အားသာနေသေးတဲ့ သဘောပါ။ သို့ပေမယ့် D1 falling resistance အောက်မှာရှိနေသေးတဲ့အတွက် စောင့်ကြည့်သင့်ပါတယ်။ အကယ်၍ 3,335 အထက်မှာ ဈေးပိတ်နိုင်ခဲ့ရင် previous week high 3365 ကို test လုပ်နိုင်ပါတယ်။ 3,365 အပေါ်မှာ bull များ ထိန်းထားနိုင်ရင် 3,440 နဲ့ 3,500 အထိတက်နိုင်ချေရှိပါတယ်။ တကယ်လို့ previous week low 3,245 အောက်မှာ ဈေးပိတ်ခဲ့ရင် D1 rising support 3,182 ကို test လုပ်နို်ငခြေရှိပါတယ်။ trend line ကို breakout ဖြစ်ပြီး Fibo 61.8 support 3,167 အောက်ကို ကျရင် မေလရဲ့ အနိမ့်ဆုံးဈေး 3,120 ကို ရောက်နို်ငချေရှိကြောင်းပါ။
    ✅ CME Fed Watch Tool ရဲ့ ခန့်မှန်းချက်အရတော့ လာမယ့် 18 Jun မှာ လုပ်မယ့် Fed meeting မှာ အတိုးနှုန်း ဒီအတိုင်းထားဖို့ ဖြစ်နိုင်ချေ 97.8% အထိရှိနေပြီး ယခင်အပတ်က 96.2% ရှိခဲ့တာ ဖြစ်ပါတယ်။
    ✅ S&P 500 index နဲ့ Gold က One Month correlation value -0.52 ရှိနေတဲ့ အတွက် လက်ရှိမှာ ပြောင်းပြန်သွားပါတယ်။ ဒါကြောင့် Stock market နဲ့ USD index ရဲ့ အတက်အကျကိုလည်း စောင့်ကြည့်သုံးသပ်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။
    • Share:
    Aung Htay, CFTe®, CMT®

    Previous post

    Weekly Summary (19 May - 23 May)
    June 11, 2025

    Next post

    Weekly Summary (2 Jun - 6 Jun)
    June 11, 2025

    You may also like

    220625_Page_1 – Copy
    Weekly Summary (16 Jun – 20 Jun)
    June 25, 2025
    150625_Page_1
    Weekly Summary (9 Jun – 13 Jun)
    June 22, 2025
    070625
    Weekly Summary (2 Jun – 6 Jun)
    June 11, 2025

    Leave A Reply Cancel reply

    Your email address will not be published. Required fields are marked *

    Search

    Categories

    • Analysis (2)
    • Weekly Summary (15)

    Popular Courses

    Technical Analysis for Trading and Investing

    Technical Analysis for Trading and Investing

    200,000 Ks
    • (04) 495-9400 1-800-544-2787
    • A24BT5 Building London, England
    • contact@thimpress.com
    • Daily: 10:00 Am - 5:00 Pm Monday & Holiday: Closed
    Menu
    • Classes
    • Programs
    • About Us
    • Team
    • Contact
    Courses
    • Painting
    • Sketch
    • Drawing
    • Sculpture
    • Digital
    Topics
    • Accreditation
    • Disclosures
    • Student Code
    • Job Opportunities
    • Campus Safety
    Info For
    • Prospective Student
    • Parents & Families
    • Transfer Students
    • Industry Leader
    • Military Student

    TRADE IDEA Online Education and Advisory Services

    • Privacy Policy
    • Terms and Conditions

    Disclaimer: ww.tradeidea.com.mm consolidates news and data related to business and economy. News and data from third-party websites are not own by us and show the original sources clearly. Data may be delayed and not real-time. Due to the fluctuating nature of financial market and external factors beyond our control, we would like to remind you that ww.tradeidea.com.mm cannot be held responsible for any losses incurred as a result of using our website.

    Login with your site account

    Lost your password?

    Not a member yet? Register now

    Register a new account

    Are you a member? Login now