
Weekly Summary (9 Jun – 13 Jun)
- Categories Weekly Summary
- Date June 22, 2025
- Comments 0 comment
✅ ဒီတပတ်မှာ ရွှေဈေးဟာ Fibonacci 38.2 support 3,292 အောက်မှာ ဈေးမပိတ်နိုင်တဲ့အတွက် bear များ အသာမရနိုင်ပဲ Momentum ပြန်လည်အားကောင်းလာတာတွေ့ရပါတယ်။ ဒီတပတ်ထဲမှာ Initial jobless claims ဟာ ခန့်မှန်းထားတာထက် အနည်းငယ်မြင့်တက်ခဲ့ပြီး 248K ရှိခဲ့တာ တွေ့ရပါတယ်။ Inflation data တွေဖြစ်တဲ့ CPI နဲ့ PPI များကလည်း analysts များ ခန့်မှန်းတွက်ချက်ထားတာထက် လျော့နည်းခဲ့ပါတယ်။ ဒီတပတ်ဈေးကွက်ကို အဓိက လှုပ်ခတ်သွားစေခဲ့တာကတော့ အစ္စရေးကအီရန်ကို လေကြောင်းကနေ ဝင်ရောက်တိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။ (၄)နာရီအတွင်း ရွှေဈေးဟာ 1.8%, ရေနံဈေး 11.9% အထိ တက်ခဲ့ပါတယ်။ U.S stock market အနေနဲ့ 1.8% ကျဆင်းသွားပါတယ်။
✅ ဇွန်လ (9 – 13) အတွင်း….
Gold -> 3.3% ⬆️
Crude Oil -> 13.0% ⬆️
USD index -> 1.0% ⬇️
Nikkei 225 -> 0.2% ⬆️
HSI -> 0.4% ⬆️
S&P 500 -> 0.4% ⬇️
Nasdaq -> 0.7% ⬇️
✅ Stock Sector ETF တွေအနေနဲ့ Energy Sector 5.6% တက်ပါတယ်။ အဓိက ရေနံဈေးအရမ်းတက်သွားတဲ့ အတွက်ကြောင့် Oil & Gas Company များရဲ့ share price များ တက်သွားတာကြောင့်ပါ။
✅ Magnificent 7 Stock တွေထဲမှာ Tesla က ဒီတပတ် 10.2% ပြန်တက်လာပါတယ်။ ကြာသပတေးနေ့က Air India လေယာဉ် Boeing 787-8 Dreamliner လေဆိပ်က ပျံတက်ပြီး မကြာခင်မှာပဲ ပျက်ကျတာကြောင့် Boeing company နဲ့ လေယာဉ်အင်ဂျင်ထုတ်လုပ်တဲ့ ကုမ္ပဏီ General Electric တို့ရဲ့ share များ 6.5% နဲ့ 3.8% အသီးသီး ကျဆင်းသွားပါတယ်။
✅ Volatility Index တခုဖြစ်တဲ့ VIX index က အစ္စရေး-အီရန်စစ်ပွဲကြောင့် မြင့်တက်လာပါတယ်။ Stock Market အပေါ်စိုးရိမ်မှုတွေရှိလာပါတယ်။ ၎င်းရဲ့ 20 Day Moving Average အပေါ်မှာ ရှိနေပါတယ်။ Stock Market အတွက် သတိထားရမယ့်အချိန်ပါပဲ။ VIX ကို Stock market ရဲ့ Fear Index လို့လည်း ခေါ်ကြပါတယ်။ Investor တွေ Stock market အပေါ်စိုးရိမ်နေတဲ့ အချိန်မှာ VIX index ဂဏန်းမြင့်တက်လာပြီး စိုးရိမ်မှုလျော့ကျတဲ့အချိန်မှာ ကျနေတတ်ပါတယ်။
✅ Major currency တွေအနေနဲ့…
EURO -> 1.3% ⬆️
GBP -> 0.4% ⬆️
NZD -> 0.4% ⬆️
AUD -> 0.3% ⬆️
CHF -> 1.3% ⬆️
JPY -> 0.2 ⬆️
CAD -> 0.5% ⬆️
စသဖြင့် USD နဲ့ယှဉ်ရင် အသီးသီး တန်ဖိုးတက်ပါတယ်။
✅ Cryptocurrency တွေဖြစ်တဲ့
Bitcoin -> 0.3% ⬆️
Solona -> 2.5% ⬇️
Ethereum -> 2.7% ⬆️
DOGE -> 2.1% ⬇️
XRP -> 5.1% ⬇️
✅ ရှေ့လာမယ့်အပတ်မှာတော့…
✅ Retail Sales, Crude Oil Inventories စတဲ့ economic data များ ထုတ်ပြန်ဖို့ရှိသလို FOMC meeting လည်း ရှိပါတယ်။ အတိုးနှုန်းဆုံးဖြတ်ကြမှာဖြစ်ပြီး အတိုးနှုန်းလျှော့ချဖို့ အလားအလာ မရှိသလောက်ပါပဲ။ CME Group ရဲ့ ခန့်မှန်းချက်အရ အတိုးနှုန်းလျှော့ချဖို့ ဖြစ်နို်ငချေက 0.4% ရှိပါတယ်။
✅ ရွှေဈေးအနေနဲ့ကတော့ လက်ရှိမှာ အစ္စရေး-အီရန် စစ်ပွဲကြောင့် သောကြာနေ့တရက်တည်း 1.4% တက်ခဲ့ပြီး key resistance level 3,438 အောက် 3,432 မှာ ရှိနေတာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ (၃)ရက်ဆက်တိုက် အတက်ဈေးများနဲ့ ဈေးပိတ်ခဲ့ပြီး On Balance Volume တောက်လျှောက်တက်ခဲ့ပါတယ်။ Buyer များ အားသာခဲ့ပါတယ်။ အစ္စရေးတို့က ပြင်းပြင်းထန်ထန် ဆက်လက်တိုက်ခိုက်နေသလို အီရန်တို့က လက်တုန့်ပြန်တဲ့အနေMissiles ရာချီပစ်လွှတ်တိုက်ခိုက်ခဲ့ပါတယ်။ အကယ်၍ စစ်ပွဲအရှိန်လျော့ပြီး အီရန်-အမေရိကန် နျူဆွေးနွေးပွဲ ပြန်စနိုင်ရင် ရွှေဈေးအနည်းငယ်တန့်နိုင်ပြီး profit taking ရှိလာနိုင်ပါတယ်။ Retracement ရှိနိုင်ပါတယ်။ သို့ပေမယ့် သတင်းတွေအရ စစ်ပွဲဟာ အရှိန်မလျော့ပဲ ရှိနေပါသေးတယ်။ အကယ်၍ 3,447 အထက်မှာ ဈေးပိတ်နိုင်ခဲ့ရင် all time high 3,500 ကို ပြန်လည်ရောက်ရှိဖို့ ဖြစ်နိုင်ချေများပါတယ်။ အကယ်၍ 3,500 ကျော်ခဲ့ရင် 3,540 ကို test လုပ်ဖို့များပါတယ်။ Trump ရဲ့ trade policies နဲ့ အစ္စရေး-အီရန် စစ်ပွဲများက လောလောဆယ် သတိထားစောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
You may also like
Weekly Summary (16 Jun – 20 Jun)
Weekly Summary (2 Jun – 6 Jun)