
Weekly Summary (16 Sep – 20 Sep)
0.25% လား 0.50% လား အငြင်းအခုံဖြစ်နေတဲ့ Interest rate လျှော့ချခြင်းဟာ ကြာသပတေးနေ့ မနက်ပိုင်း FOMC meeting မှာ အဖြေထွက်ခဲ့ပါပြီ။ အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်းကို 0.50% လျှော့ချဖို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ Press conference အပြီး တနာရီအတွင်း ကမ္ဘာ့ရွှေဈေးဟာ 2,550 level ကို ခဏတာပြန်ကျခဲ့ပေမယ့် ပြန်တက်ခဲ့ပြီး သောကြာနေ့မှာတော့ 2,622 နဲ့ ဈေးပိတ်ခဲ့ပြီး ထပ်မံစံချိန်တင်ခဲ့ပါတယ်။
အမေရိကန်ဗဟိုဘဏ်ရဲ့ အတိုးနှုန်းလျှော့ချတဲ့နောက်ကို အခြားနိုင်ငံတကာ ဗဟိုဘဏ်တွေကလည်း လိုက်လုပ်ဖို့ အလားအလာရှိနေပါတယ်။ Interest rate လျှော့ချခြင်းဟာ ဒေါ်လာကို အားပျော့စေပြီး ကမ္ဘာ့ရွှေကို အားသာစေပါတယ်။
တချိန်တည်းမှာပဲ အရှေ့အလယ်ပိုင်း တင်းမာမှုက ပိုပြီးပြင်းထန်လာပါတယ်။
အစ္စရေးနဲ့ ဟစ်စဘိုလာ အပြန်အလှန်ပစ်ခတ်မှုတွေက ပိုပြင်းထန်လာပါတယ်။ လက်ဘနွန်မှာ Walkie-talkie တွေ ဆက်တိုက်ပေါက်ကွဲ့မှု ဖြစ်ပေါ်ခဲ့ပြီး ဟစ်စဘိုလာ (၁၆)ယောက် သေဆုံးခဲ့ပါတယ်။ ဒီဖြစ်စဉ်ရဲ့နောက်ကွယ်က လက်သည်ဟာ အစ္စရေးလို့ သံသယရှိနေကြပါတယ်။ ပေါက်ကွဲမှုတွေအတွင်း အီရန်ရဲ့လက်ဘနွန်ဆိုင်ရာ သံအမတ်လည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ အီရန်က ဒီအတွက်လက်တုန့်ပြန်မယ်လို့ ကြေငြာပါတယ်။
ကမ္ဘာ့ရွှေကတော့ ဒီတပတ် 1.7% တက်ခဲ့ပါတယ်။
Stock index S&P 500 ကလည်း ဒီတပတ်ထဲမှာ 1.4% တက်ခဲ့ပြီး record high ကို ရောက်ရှိခဲ့ပါတယ်။
USD index 0.6% ကျဆင်းမှုနဲ့အတူ Euro နဲ့ British Pound ငွေကြေးတွေက 0.8% နဲ့ 1.5% အသီးသီး တက်ခဲ့ပါတယ်။
Japan Yen ကတော့ 2.1% ကျဆင်းခဲ့ပါတယ်။
အစ္စရေးနဲ့လက်ဘနွန် ဟစ်စဘိုလာ တို့ တင်းမာမှု မြင့်တက်လာခြင်း၊ တရုတ်က မလေးရှားရေနံ 7.5 million tons စံချိန်တင် ဝယ်ယူခြင်း စတာတွေကြောင့် ရေနံဈေးတက်လာပါတယ်။ ဒီတပတ်မှာ ရေနံဈေး 4% တက်ခဲ့ပါတယ်။
8:34pm; 22 September 2024
Tag:forex, gold, oil, stockmarket


