
Weekly Summary (30 Sep – 4 Oct)
✅ ဒီတပတ်ကတော့ Fed ရဲ့ Interest rate လျှော့ချအပြီးဒုတိယမြောက်အပတ်ဖြစ်ပါတယ်။ တနင်္လာနေ့မှာ Powell က ရှေ့ဆက်လျှော့ချမယ့် Interest rate ဟာ ပမာဏများမှာ မဟုတ်ကြောင်း 0.25% ၂ ကြိမ်လောက်သာ ဖြစ်နိုင်ကြောင်း အချက်ပြအပြီးမှာ USD ပြန်လည်အားကောင်းလာတာဖြစ်ပါတယ်။
USD အားကောင်းစေဖို့ ထောက်ပံပေးတာကတော့ အင်္ဂါနေ့မှာ ထွက်ခဲ့တဲ့ JOLTs Job Openings data ပဲ ဖြစ်ပါတယ်။ မှန်းထားတာထက်ပိုမိုများပြားလာတဲ့ Job Opening ဟာ USD ကို ဆက်လက်အားကောင်းစေပါတယ်။
✅ သောကြာနေ့မှာ ထွက်ခဲ့တဲ့ Nonfarm Payroll (NFP) က ပြီးခဲ့တဲ့ September လထဲမှာ အလုပ်အကိုင်ပေါင်း 254,000 တိုးတက်ခန့်ထားနိုင်ကြောင်း report ထွက်လာပါတယ်။ ပညာရှင်များက 147,000 ပဲ ရှိမယ်လို့ ခန့်မှန်းထားတာပါ။ USD index ဟာ report ထွက်အပြီးမှာ 0.7% တက်သွားခဲ့ပါတယ်။ တပတ်တွင်းမှာ USD index ဟာ 2.1% တက်ခဲ့တာဖြစ်ပါတယ်။ US Treasury yields တွေလည်း တက်ပါတယ်။
✅ ဒီတပတ်အစပိုင်းမှာ USD အားကောင်းလာမှုက ကမ္ဘာ့ရွှေကို အနည်းငယ်ကျဆင်းစေပါတယ်။ ဒါပေမယ့် October 1 ရက်နေ့မှာ Iran က Israel ကို ballistic missiles 200 ခန့်နဲ့ အကြီးစားတိုက်ခိုက်မှုအပြီး ရွှေဈေးပြန်တက်လာပါတယ်။ ရွှေဈေးဟာ သောကြာနေ့မှာ NFP ကြောင့် အနည်းငယ်ပြန်ကျဆင်းခဲ့ပြီး 2,653 နဲ့ ဈေးပိတ်ခဲ့ပါတယ်။ ရွှေဈေးဟာ Daily rising channel အတွင်းမှာပဲ ရှိနေပြီးတော့ upper bound ကို ထိပြီး အမြင့်ဆုံး 2685 ဈေးတန်းက ပြန်ကျဆင်းလာတာဖြစ်ပါတယ်။ Overbought region က ပြန်ဆင်းလာတာဖြစ်ပြီး momentum လည်း ကျလာတာတွေ့ရပေမယ့် bullish territory အတွင်းမှာ ရှိနေဆဲပဲဖြစ်ပါတယ်။ ဒီတပတ်အတွင်း ကမ္ဘာ့ရွှေဈေးကတော့ အဖွင့်ဈေးနဲ့အပိတ်ဈေး ကွာဟမှုမရှိတာကို တွေ့ရပါတယ်။ အရှေ့အလယ်ပိုင်းတင်းမာမှု ပိုမိုမြင့်တက်တာက safe have asset ရွှေကို အားကောင်းစေပေမယ့် USD index ရဲ့ ဖိအားကြောင့် အရမ်းမတက်နိုင်ဖြစ်နေတယ်လို့ သုံးသပ်ရပါတယ်။ လာမယ့်ရက်တွေမှာ အီရန်ကို အစ္စရေးလက်တုန့်ပြန်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
✅ အစ္စရေး-အီရန် တင်းမာမှုရဲ့အကျိုးဆက်က ရေနံဈေးကို တိုက်ရိုက်သက်ရောက်စေပါတယ်။ ရေနံဈေးဟာ ကမ္ဘာ့စီးပွားရေး တုန့်နှေးမှုအလားအလာကြောင့် ကျဆင်းနေပေမယ့် အီရန်ရဲ့ တိုက်ခိုက်မှုအပြီးမှာ ဒေသေတွင်း ရေနံထုတ်လုပ်မှုကို ထိခိုက်လာနိုင်တဲ့ အလားအလာရှိတာကြောင့် ပြန်တက်လာတာဖြစ်ပါတယ်။ ဒီတပတ်အတွင်း ရေနံဈေးဟာ 8.6% တက်ခဲ့ပါတယ်။
✅ Stock market benchmark ဖြစ်တဲ့ S&P 500 index ဟာ အရှေ့အလယ်ပိုင်းတင်းမာမှုကြောင့် ဒီတပတ်အစောပိုင်းမှာ ကျဆင်းခဲ့ပေမယ့် NFP data အားကောင်းမှုနဲ့အတူ ပြန်တက်လာတာ တွေ့ရပါတယ်။ ဒီတပတ်အတွက် S&P 500 index ဟာ 0.3% တက်ခဲ့ပါတယ်။
✅ Euro နဲ့ British Pound တို့ 1.6% နဲ့ 1.9% အသီးသီး ကျဆင်းပါတယ်။
✅ Japan Yen ကတော့ 4.5% ကျဆင်းပါတယ်။
6:43pm; 06 October 2024


