• Courses
    • Technical Analysis
      • Technical Analysis for Trading and Investing
    • Home
    • Summaries and Analysis
      • Weekly Summary
      • Analysis
    • My Account
    Login
    • Home
    • Private: Blog
    • Weekly Summary

    Weekly Summary (5 May – 9 May)

    • Categories Weekly Summary
    • Date May 11, 2025
    • Comments 0 comment
    ဒီတပတ်ကတော့ အရေးကြီးတဲ့ဖြစ်စဉ်များအနေနဲ့….
    ✅ ဟွန်သီတွေပစ်လိုက်တဲ့ ဒုံးကျည် အစ္စရေး International Airport အနီး ကျရောက်ပေါက်ကွဲခဲ့ပြီး အစ္စရေးတို့က လက်တုန့်ပြန်တဲ့အနေနဲ့ ယီမင်လေဆိပ် အပါအဝင် အကြမ်းဖက် အခြေစိုက်နေရာတွေကို ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။
    ✅ FOMC meeting ကို မြန်မာအချိန် မေလ(၈)ရက် အစောပိုင်းမှာ ပြုလုပ်ခဲ့ပြီး အတိုးနှုန်းကို မလျှော့ပဲ ဒီတိုင်းထားဖို့ အမေရိကန်ဗဟိုဘဏ်က ဆုံးဖြတ်ခဲ့ပါတယ်။
    ✅ မေလ(၇)ရက် မနက်ပိုင်းမှာပဲ အိန္ဒိယက ပါကစ္စတန်အတွင်းပိုင်း ကက်ရှ်မီးယားဒေသကို လေကြောင်းကနေ စတင်တိုက်ခိုက်ခဲ့ပြီး စစ်ရေးတင်းမာမှုတွေ မြင့်တက်လာပါတယ်။ အပြန်အလှန်ပစ်ခတ်မှုတွေနဲ့ သေဆုံးမှုအချို့ရှိခဲ့ပါတယ်။ တင်းမာမှုတွေ ဆက်လက်မြင့်တက်နေဆဲအချိန်မှာပဲ အိန္ဒိယနဲ့ပါကစ္စတန် အလုံးစုံအပစ်အခတ် ချက်ချင်းရပ်စဲဖို့ သဘောတူညီခဲ့ပြီဖြစ်ကြောင်း မေလ(၁၀)ရက် ညနေပိုင်းမှာ သမ္မတထရမ့်က ကြေငြာပါတယ်။ အမေရိကန်က တညလုံးကြားဝင်စေ့စပ်ပေးခဲ့တဲ့လို့ဆိုပါတယ်။ ပါကစ္စတန်က အမေရိကန်ရဲ့ အခန်းကဏ္ဍက အရေးကြီးကြောင်း၊ သမ္မတထရမ့်ကို ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါတယ်။ သမ္မတထရမ့်ကလည်း အပစ်အခတ်ရပ်စဲဖို့ အမေရိကန်က ကူညီနိုင်ခဲ့ခြင်းအတွက် ဂုဏ်ယူကြောင်း ပြောကြားခဲ့ပါတယ်။
    ✅ U.S Treasury Secretary Scott Bessent နဲ့ အဖွဲ့ဟာ တရုတ်ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့နဲ့တွေ့ဖို့ မေလ (၈)ရက်နေ့မှာ ဆွစ်ဇာလန်ကိုသွားခဲ့ပါတယ်။ ဒီသတင်းကို (၂)ရက်ကြိုတင်ထုတ်ပြန်ခဲ့ပါတယ်။ ဒီသတင်းထုတ်ပြန်ပြီးတာနဲ့ (၂)ရက်ဆက်တိုက်တက်ပြီး $3,435 အထိရောက်ခဲ့တဲ့ ရွှေဈေးဟာ (၂)ရက်ဆက်တိုက် ပြန်လည်ကျဆင်းပြီး $3,288 အထိရောက်ခဲ့ပါတယ်။ သီတင်းပတ်အကုန်မှာတော့ $3,324 နဲ့ ဈေးပိတ်ခဲ့ပါတယ်။ ကုန်သွယ်ရေးတင်းမာမှုတွေလျော့ကျလာမယ်လို့ ယုံကြည်ကြတဲ့အတွက်ကြောင့်ပါ။ U.S နဲ့ U.K ကုန်သွယ်ရေးညှိနှိုင်းသဘောတူညီချက် ရခဲ့တာကလည်း ရွှေဈေးကို ဖိအားဖြစ်စေတဲ့ အကြောင်းတချက်ပါပဲ။ တရုတ်နဲ့ဆွေးနွေးပွဲက အလွန်ကောင်းမွန်ကြောင်း၊ ရင်းနှီးနွေးထွေးပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲဖြစ်ကြောင်း၊ ကြီးမားတဲ့တိုးတက်မှုတွေရှိကြောင်း ထရမ့်က သူရဲ့ကိုယ်ပိုင် ပလက်ဖေါင်း truthsocial ကနေ ဒီနေ့ထုတ်ပြန်ခဲ့ပါတယ်။
    ✅ ပူတင်က ရုရှအနေနဲ့ ယူကရိန်းနဲ့ ဆွေးနွေးပွဲပြန်စမှာဖြစ်ကြောင်း ကတိပြုပြောဆိုခဲ့ပါတယ်။ U.K, France, Poland နဲ့ Germany တို့က ရက်(၃၀)အပစ်အခတ်ရပ်စဲရေးကို ပူတင်လက်မခံရင် Sanctions တွေ ထပ်တိုးမှာဖြစ်ကြောင်း ကြေငြာအပြီးမှာ ဒီလိုဆွေးနွေးပွဲပြန်စဖို့ ဖြစ်လာတာပါ။
    အနှစ်ချုပ်ပြောရရင် ဒီတပတ်နောက်ပိုင်းရက်တွေမှာ စစ်ရေးတင်းမာမှု၊ ကုန်သွယ်ရေးတင်းမာမှုတွေ လျော့ကျလာပြီး ကောင်းသတင်းတွေရှိလာပါတယ်။ ဈေးကွက်မှာ စိုးရိမ်ပူပန်မှုတွေ လျော့ကျလာပါတယ်။ လာမယ့်အပတ်မှာ Stock market အနေနဲ့ အားကောင်းနိုင်ချေရှိပြီး၊ ရွှေကတော့ အားပျော့နိုင်ခြေရှိပါတယ်။ $3,300 အောက်ကို ကျခဲ့ပါက $3,230 ဈေးတန်းကို test လုပ်နိုင်ချေရှိပြီး $3,230 အောက်ကို ဆက်လက်ကျဆင်းခဲ့ပါက $3,167 အထိရောက်နိုင်ခြေရှိပါတယ်။ အကယ်၍ အခြေအနေတခုကြောင့် $3,375 အပေါ်ကို တက်ခဲ့ပါက $3,440 ကို test လုပ်နိုင်ခြေရှိပြီး all time high $3,500 ကို ပြန်လည်ရောက်ရှိနိုင်မှာဖြစ်ပါတယ်။
    ပြီးခဲ့တဲ့ (၁) ပတ်အတွင်း…
    Gold -> 3.8% ⬆️
    Crude Oil -> 4.7% ⬆️
    USD index -> 0.3% ⬆️
    Nikkei 225 -> 1.8% ⬆️
    HSI -> 1.6% ⬆️
    S&P 500 -> 0.5% ⬇️
    Nasdaq -> 0.3% ⬇️
    Major currency တွေအနေနဲ့…
    EURO -> 0.6% ⬇️
    GBP -> 0.4% ⬇️
    NZD -> 0.2% ⬇️
    Cryptocurrency တွေဖြစ်တဲ့
    Bitcoin -> 9.2% ⬆️
    Solona -> 20.0% ⬆️
    Ethereum -> 29.7% ⬆️
    DOGE -> 20.4% ⬆️
    XRP -> 8.7% ⬆️

    Tag:crypto, forex, gold, oil, stock, stockmarket

    • Share:
    Aung Htay, CFTe®, CMT®

    Previous post

    Weekly Summary (28 Apr - 2 May)
    May 11, 2025

    Next post

    Weekly Summary (12 May - 16 May)
    May 24, 2025

    You may also like

    220625_Page_1 – Copy
    Weekly Summary (16 Jun – 20 Jun)
    June 25, 2025
    150625_Page_1
    Weekly Summary (9 Jun – 13 Jun)
    June 22, 2025
    070625
    Weekly Summary (2 Jun – 6 Jun)
    June 11, 2025

    Leave A Reply Cancel reply

    Your email address will not be published. Required fields are marked *

    Search

    Categories

    • Analysis (2)
    • Weekly Summary (15)

    Popular Courses

    Technical Analysis for Trading and Investing

    Technical Analysis for Trading and Investing

    200,000 Ks
    • (04) 495-9400 1-800-544-2787
    • A24BT5 Building London, England
    • contact@thimpress.com
    • Daily: 10:00 Am - 5:00 Pm Monday & Holiday: Closed
    Menu
    • Classes
    • Programs
    • About Us
    • Team
    • Contact
    Courses
    • Painting
    • Sketch
    • Drawing
    • Sculpture
    • Digital
    Topics
    • Accreditation
    • Disclosures
    • Student Code
    • Job Opportunities
    • Campus Safety
    Info For
    • Prospective Student
    • Parents & Families
    • Transfer Students
    • Industry Leader
    • Military Student

    TRADE IDEA Online Education and Advisory Services

    • Privacy Policy
    • Terms and Conditions

    Disclaimer: ww.tradeidea.com.mm consolidates news and data related to business and economy. News and data from third-party websites are not own by us and show the original sources clearly. Data may be delayed and not real-time. Due to the fluctuating nature of financial market and external factors beyond our control, we would like to remind you that ww.tradeidea.com.mm cannot be held responsible for any losses incurred as a result of using our website.

    Login with your site account

    Lost your password?

    Not a member yet? Register now

    Register a new account

    Are you a member? Login now