• Courses
    • Technical Analysis
      • Technical Analysis for Trading and Investing
    • Home
    • Summaries and Analysis
      • Weekly Summary
      • Analysis
    • My Account
    Login
    • Home
    • Private: Blog
    • Weekly Summary

    Weekly Summary (19 May – 23 May)

    • Categories Weekly Summary
    • Date May 25, 2025
    • Comments 0 comment
    ယခင်အပတ်က U.S stock market အတွက် ဖိအားတွေရှိလာပြီး Stock တွေ အနည်းငယ်ကျဆင်းနိုင်ခြေရှိကြောင်းတင်ပြခဲ့ပါတယ်။ ခန့်မှန်းထားတဲ့အတိုင်း U.S Stock Market benchmark ဖြစ်တဲ့ S&P 500 index က 2.6% ကျဆင်းခဲ့တာကို တွေ့ရပါတယ်။ U.S stock sector အားလုံးကျဆင်းတာဖြစ်ပြီး Energy sector, Real Estate နဲ့ Financial sector ETF တွေက 4.4%, 3.3% နဲ့ 2.6% အသီးသီးကျဆင်းတာကို တွေ့ရပါတယ်။ Magnificent 7 stock တွေထဲမှာ Apple share ကတော့ ကျဆင်းနှုန်းအများဆုံးဖြစ်ပြီး တပတ်အတွင်း 7.6% ကျဆင်းခဲ့ပါတယ်။
    Bond နဲ့ Stock တွေ risk များလာတဲ့အတွက် ရွှေဟာ အားသာချက်ရှိလာကြောင်း၊ 3,260 အထက်မှာ ဈေးပိတ်ခဲ့ရင် 3,320 ဈေးတန်းကို test လုပ်လာနို်ငခြေကြောင်း တင်ပြခဲ့ပါတယ်။ 20 ရက်နေ့ အင်္ဂါနေ့မှာပဲ 3,290 နဲ့ ဈေးပိတ်ခဲ့ပြီး 21 ရက်နေ့မှာတော့ 3,325 အထိရောက်ခဲ့တာ တွေ့ရပါတယ်။ သောကြာနေ့မှာတော့ 3,320 ဈေးတန်းကို ပြန်ဖေါက်ပြီး ဒီတပတ်ဈေးကွက်ပိတ်ချိန်မှာတော့ 3,356 နဲ့ ဈေးပိတ်ခဲ့ပါတယ်။
    ဒီတပတ်အတွင်း…
    ✅ အမေရိကန်နဲ့ ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်နေတဲ့အချိန်မှာပဲ တရုတ်ဗဟိုဘဏ်က အဓိကကျတဲ့ အတိုးနှုန်း(၂)မျိုးကို လျှော့ချခဲ့ပါတယ်။ ပြည်တွင်းစားသုံးမှုလျော့ကျလာခြင်း၊ အိမ်ခြံမြေကဏ္ဍမှာ ကြွေးမြီပြဿနာကြာမြင့်စွာရင်ဆိုင်နေရခြင်း၊ လူငယ်အလုပ်လက်မဲ့များတိုးပွားလာခြင်း စတဲ့ပြဿနာတွေကို ရင်ဆိုင်နေရတဲ့ တရုတ်ဟာ စီးပွားရေးကို ပြန်လည်လှုပ်နှိုးဖို့ ရည်ရွယ်ချက်နဲ့ အတိုးနှုန်းများကို သမိုင်းတလျှောက်အနိမ့်ဆုံးအဖြစ် one year Loan Prime Rate ကို 3.1% ကနေ 3.0%, five year Loan Prime Rate ကို 3.6% မှ 3.5% သို့ လျှော့ချခဲ့ပါတယ်။
    ✅ ဒီတပတ်ဈေးကွက်ကို အလှုပ်အယမ်းများသွားစေတဲ့ အဓိက အချက်ကတော့ Credit rating agency ဖြစ်တဲ့ Moody က U.S government credit rating ကို AAA အဆင့်ကနေ AA1 အဆင့်ကို လျှော့ချလိုက်ခြင်းပဲ ဖြစ်ပါတယ်။ U.S အစိုးရကြွေးမြီများပြားလာတဲ့အပေါ် စိုးရိမ်မှုတွေ မြင့်တက်လာပါတယ်။ U.S Bond များကို ထုတ်ရောင်းရာက U.S bond market ကျဆင်းသွားခြင်းက Bond yield များကို မြင့်တက်စေပါတယ်။ Bond များကို demand ကျဆင်းသွားခြင်းဟာ အမေရိကန်အစိုးရကို ငွေမချေးခြင်ဘူးလို့ အဓိပ္ပါယ်သက်ရောက်ပါတယ်။ အခြားသော Bond market များအပေါ်မှာလည်း သက်ရောက်မှုရှိပါတယ်။ အစိုးရကြွေမြီများပြားလာခြင်း၊ ကုန်သွယ်ရေးလိုငွေ မြင့်တက်လာခြင်း တွေအပေါ်စိုးရိမ်မှုမြင့်တက်လာတာကြောင့် U.S assets တွေဖြစ်တဲ့ Stock market လည်းကျဆင်းသွားပါတယ်။
    ✅ E.U အပေါ် လာမယ့် June 1 ရက်နေ့ကစပြီး အခွန် 50% ကောက်ခံမှာဖြစ်ကြောင်း ထရမ့်က ပြောကြားအပြီးမှာလည်း 3,320 နဲ့ 3,330 အကြားမှာ consolidation ဖြစ်နေတဲ့ ရွှေဈေးဟာ 3,360 အထိ ထပ်မံမြင့်တက်သွားပါတယ်။
    ✅ အမေရိကန်ပြင်ပမှာ ထုတ်လုပ်တဲ့ iPhone တွေကိုလည်း အနည်းဆုံး 25% အခွန်ကောက်မယ်လို့ ပြောလိုက်တဲ့အတွက် Apple share များဟာ သောကြာနေ့တရက်တည်းမှာပဲ 3% လောက်ကျဆင်းသွားပါတယ်။
    ✅ ရှေ့လာမယ့်အပတ်မှာတော့ ထရမ့်ရဲ့ဈေးကွက်ကို လှုပ်ခတ်နိုင်မယ့် Policy တွေအပြင် Geopolitical tension တွေကိုပါ သတိထားစောင့်ကြည့်ရမှာပါ။ ရုရှားက ယူကရိန်း နိုင်ငံမြို့တော် ကိယက်ဗ် အပါအဝင် အခြားသောမြို့ကြီးများကို ၂ ရက်ဆက်တိုက် လေကြောင်းကနေ အပြင်းထန်ဆုံးတိုက်ခိုက်နေပါတယ်။ drone နဲ့ missiles ပေါင်း 367 ခုနဲ့တိုက်ခိုက်ခဲ့ပါတယ်။ ဒါဟာ 2022 စစ်ပွဲစတင်ခဲ့တဲ့ကာလအတွင်း အကြီးမားဆုံး အပြင်ထန်ဆုံး တိုက်ခိုက်မှုလို့ သတင်းတွေက ဖေါ်ပြကြပါတယ်။ အစ္စရေးနဲ့ဟားမတ်စ် တင်းမာမှုကိုလည်း စောင့်ကြည့်ရမှာပါ။ သောကြာနေ့က ဟွန်သီတွေ အစ္စရေးနိုင်ငံတကာလေဆိပ်ကို hypersonic ballistic missile နဲ့ ပစ်ခတ်ခဲ့ပြီး တိုက်ခိုက်မှု အောင်မြင်ခဲ့ကြောင်း ဟွန်သီပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပေမယ့် အစ္စရေးဖက်ကတော့ သတင်းထုတ်ပြန်မှုမရှိပါဘူး။
    ✅ ရွှေဈေးကွက်အနေနဲ့ကတော့ bull တွေက အသာရထားပြီး bullish territory အတွင်းမှာ ရှိနေပါတယ်။ trend ကတော့ မေလ(၁၅)ရက်နေ့ကစပြီး clear uptrend အနေနဲ့ရှိနေပါတယ်။ 4 Hour rising channel အတွင်းမှာရှိနေပြီးတော့ trend interruption ဖြစ်မယ့် sign တော့ မတွေ့ရသေးပါဘူး။ ဈေးကွက်ပြန်ဖွင့်ပြီး 4 နာရီလောက် စောင့်ကြည့်သင့်ပါတယ်။ Momentum rising ဖြစ်နေပါတယ်။ overextended condition နဲ့ divergence pre-condition မတွေ့သေးပါဘူး။ short-term retracement or pullback ဖြစ်နိုင်ပေမယ့် psychological round figure 3,400 ကို test လုပ်နိုင်ခြေရှိပါတယ်။ 3,400 အထက်မှာ ဈေးပိတ်ခဲ့ရင် 3,440 နဲ့ all time high 3,500 ကို ပြန်လည် test လုပ်လာနိုင်ခြေရှိပါတယ်။ အကယ်၍ 3,315 အောက်မှာ ဈေးပိတ်ခဲ့ရင် bear တွေက 3,300 နဲ့ 3,240 လောက်အထိ ဆွဲချနိုင်ခြေရှိပါတယ်။
    ပြီးခဲ့တဲ့ (၁) ပတ်အတွင်း…
    Gold -> 5.7% ⬆️
    Crude Oil -> 1.5% ⬇️
    USD index -> 2.0% ⬇️
    Nikkei 225 -> 1.6% ⬇️
    HSI -> 1.1% ⬆️
    S&P 500 -> 2.6% ⬇️
    Nasdaq -> 2.5% ⬇️
    Major currency တွေအနေနဲ့…
    EURO -> 1.6% ⬆️
    GBP -> 1.7% ⬆️
    NZD -> 1.9% ⬆️
    Cryptocurrency တွေဖြစ်တဲ့
    Bitcoin -> 0.8% ⬆️
    Solona -> 0.0% ⬇️
    Ethereum -> 1.1% ⬆️
    DOGE -> 4.0% ⬇️
    XRP -> 5.7% ⬇️
    • Share:
    tradeglt@admin

    Previous post

    Weekly Summary (12 May - 16 May)
    May 25, 2025

    You may also like

    180525
    Weekly Summary (12 May – 16 May)
    May 24, 2025
    100525
    Weekly Summary (5 May – 9 May)
    May 11, 2025
    030525
    Weekly Summary (28 Apr – 2 May)
    May 7, 2025

    Leave A Reply Cancel reply

    Your email address will not be published. Required fields are marked *

    Search

    Categories

    • Analysis (2)
    • Weekly Summary (11)

    Popular Courses

    Technical Analysis for Trading and Investing

    Technical Analysis for Trading and Investing

    Ks100,000.00
    • (04) 495-9400 1-800-544-2787
    • A24BT5 Building London, England
    • contact@thimpress.com
    • Daily: 10:00 Am - 5:00 Pm Monday & Holiday: Closed
    Menu
    • Classes
    • Programs
    • About Us
    • Team
    • Contact
    Courses
    • Painting
    • Sketch
    • Drawing
    • Sculpture
    • Digital
    Topics
    • Accreditation
    • Disclosures
    • Student Code
    • Job Opportunities
    • Campus Safety
    Info For
    • Prospective Student
    • Parents & Families
    • Transfer Students
    • Industry Leader
    • Military Student

    TRADE IDEA Online Education and Advisory Services

    • Privacy Policy
    • Terms and Conditions

    Disclaimer: ww.tradeidea.com.mm consolidates news and data related to business and economy. News and data from third-party websites are not own by us and show the original sources clearly. Data may be delayed and not real-time. Due to the fluctuating nature of financial market and external factors beyond our control, we would like to remind you that ww.tradeidea.com.mm cannot be held responsible for any losses incurred as a result of using our website.

    Login with your site account

    Lost your password?

    Not a member yet? Register now

    Register a new account

    Are you a member? Login now